Sunday, December 18, 2011

ဆုံးဖြတ်ချက်

တစ်ဘ၀လုံးစာချစ်ခဲ့တာကို
တခဏတာအတွင်း
နင်ချိုးဖောက်ခဲ့တယ်။
နင့်နင့်နဲနဲ ချစ်ခဲ့လို့
ရင့်ရင့်သီးသီးနဲ့ စွန့်ပြစ်ခံခဲ့ရတယ်။
ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့
မျှော်လင့်ခြင်းတွေ အပြီးသတ်ဖို့
ရင်ထဲကခံစားချက်ကို
ဦးနှောက်နဲ့စဉ်းစား
နှလုံးသားနဲ့ဆုံးဖြတ်ပြီး
နင့်အတွက်အချစ်ဆိုတဲ့အရာကို
ငါထာဝရ သေမိန့်ချလိုက်တယ်။

First Love ဆိုတာ
မေ့ဖို့ခက်တယ်တဲ့။
သံယောဇဉ်လက်ကျန်နဲ့
ပျောက်ပျက်မသွားနိုင်တဲ့
ဟိုအရင်က အချစ်တွေအတွက်
နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာလေးတစ်ခုမှာ
နင့်အချစ်လေးတွေ မြုပ်နှံထားလိုက်တယ်။

ခုတော့ . . . ငါက . .
နင့်လွမ်းမိုးမှုတွေကိုဖြေဖျောက်
အလွမ်းတွေကိုသိမ်း
သတိယခြင်းတွေကိုပယ်
တမ်းတခြင်းတွေကိုမေ့
မျော်လင့်ခြင်းတွေကိုပြစ်
နှလုံးသားကို ရာသက်ပန် သော့ခတ်လို့
အနာဂတ်အတွက်
င့ါလမ်းငါဖောက်
င့ါပန်းတိုင်ကို ငါ့ဖာသာလျှောက်မယ်။

နေ၀န်းနီနီ

Wednesday, January 19, 2011

FRIENDS (poem)

FRIENDS

They love you,
But they are not your lover.
They care for you,
But they are not from your family.
They are ready to share your pain,
But they are not in your blood relation.
They are . . .FRIENDS !!!!
True Friend . . . . .
Scolds like a DAD . .
Cares like a MOM . .
Teases like a SISTER . .
Irritates like a BROTHER . .


သူငယ်ချင်း

ချစ်ပေမယ့်
ချစ်သူတော့မဟုတ်ဘူး
ဂရုစိုက်ပေမယ့်
မိသားစုလည်းမဟုတ်ဘူး
နာကျင်မှုတွေကို ဝေမျှခံစားဖို့
အသင့်ရှိနေပေမယ့်
ဆွေမျိုးသားချင်းလည်း မဟုတ်ခဲ့ဘူး
ဒါပေမယ့် သူတို့တတွေက
အဖေတစ်ယောက်လို့ ဆူတတ်တယ်
အမေတစ်ယောက်လို ဂရုစိုက်တယ်
အစ်မတစ်ယောက်လို ကျီစယ်တတ်ပြီး
အစ်ကိုတစ်ယောက်လို ဒေါသထွက်တတ်တယ်
ဒါတွေကိုလုပ်ဆောင်တတ်တာ
စစ်မှန်တဲ့ သူငယ်ချင်းပဲပေါ့ . . .
ဒီလိုသူငယ်ချင်းမျိုးကို ပိုင်ဆိုင်ခဲ့ပြီဆိုရင်တော့
ဆုံးရှုံးမသွားအောင် တန်ဖိုးထားပါ။
သူငယ်ချင်းကောင်းဆိုတာ
တစ်သက်မှာတစ်ခါပဲ ရရှိပြီး
ထာဝရတည်မြဲသွားတတ်တဲ့သူပါ။

Thursday, July 8, 2010

သူငယ်ချင်းများအတွက် အမှတ်တရ



ထာဝရအတွက် အမြဲ ရင်းနှီးနေမယ့်သူတွေကို သူငယ်ချင်းလို့ ခေါ်ပါတယ်လို့ ပြောရင် မှားများနေမလား

ချစ်သူသို့

ရေးထားတာတော့ ကြာခဲ့ပါပြီ။ ဒါပေမယ့် အသစ်အဆန်းလိုဖြစ်နေဆဲပါပဲ။

Tuesday, December 8, 2009

လန့်စရာအတွေ့အကြုံလေးတစ်ခု

စက်ခန်းထဲမှာ သုံးယောက်သားဇောချွေးတွေပြန်နေကြပြီ။ အပေါ်မှာ project presentation ကစနေပြီ။ Presentation ပြဖို့ Data flow diagram က ထွက်မလာသေး။ အချောသတ်ဖို့ ကျန်နေသေးသည်။ စာအုပ်ထဲထည့်ဖို့ စာရိုက်တဲ့သူကရိုက်။ Data flow ဆွဲတာက ကျတော်။ ဘာကိုမှ မမြင်နိုင် အာရုံက ကွန်ပျူတာမှာ။ ထိုင်နေကြတာက စက်ခန်းကျယ်ကြီးထဲမှာ အရှေ့မှာ ဖြူ။ သူနဲ့နှစ်ခုံခြားလောက်မှာ ကျတော်။ နောက်တော်တော်လှမ်းတဲ့နေရာမှာ ကျော်။ ပထမ နောက်ဆုံးကနေ Inkjet printer ထုတ်တဲ့ အသံ ဂျစ်ဂျစ် နဲ့ ကြားလာရတယ်။ အနောက်က ကျော်က ဟဲ့ ဆိုတဲ့အသံနဲ့ အမူအရာပျက်နေပြီ။ ကျတော်တို့ရှေ့က နှစ်ယောက်ကတော့ အာရုံမလွင့်သေး။ ကုန်းရုန်းရိုက်နေကြတုန်း။ ဒုတိယ လေတိုက်လို့ စာရွက်တွေ ရှလော ရှလောနဲ့ လွင့်တဲ့အသံတွေ ဆက်တိုက်ထွက်လာပြန်ရော။ နောက်ခနလေးနေရော နောက်ဆုံးပြတင်းပေါက်တစ်ချပ်က ကျွီကျွီနဲ့မြည်ပြီးလှုပ်လာရော။ အခန်းထဲမှာ ပရင်တာထုတ်သံ ဂျစ်ဂျစ်၊ စာရွက်လွင့်သံ ရှလော၊ ရှလော၊ ပြတင်းက ကျွီကျွီဆိုတဲ့ ဆူညံသံတွေကြောင့် ခနလေးတော့လှည့်ကြည့်လိုက်သေးတယ်။ ဒါပေမယ့် အဲဒါတွေက ကျတော့်ပုံလောက် ဆွဲဆောင်မှုမရှိဘူးပေါ့။ ဖြူနဲ့ ကျော်က အလန့်တကြား နေ၀န်း…. လို့ လှမ်းခေါ်တာတောင် မပြီးမှာကြောက်လို့ ပြောတယ် ထင်ပြီး “နေဦးခန ပြီးတော့မယ်” လို့ပြန်ပြောလိုက်သေးတယ်။ သူတို့နှစ်ယောက်စာ ဆက်မရိုက်တော့ဘူး။ ကျတော့်ကိုပဲကြည့်နေကြတယ်။ ကျတော့်ပုံက အခုသုံးရမှာဆိုတော့ ကျတော်ကတော့ သတိကိုမထားမိဘူး။ Diagram ကိုလက်စသတ်ပြီး floppy လှမ်းအထုတ် လေကြမ်းဝေ့သလို ဝေါ …. ဆိုတဲ့ အသံကြီးနဲ့ ပြတင်းတံခါးကဒိုင်းကနဲ့ မြည်ပြီး ရှလော၊ရှလော၊ ဒိုင်း၊ ဂျစ်ဂျစ်စတဲ့ အသံပေါင်းစုံက အနောက်ထဲကနေထွက်လာပါတော့တယ်။ ရှေ့က ဖြူ ကျတော့်နားရောက်လာပြီး နေ၀န်း . . .လို့အော်တယ်။ နောက်ကတစ်ယောက်ကလည်း နေ၀န်း ……. ဆိုပြီးအလန့်တကြားအော်ပြန်ရော။ ပိုကျယ်လာတဲ့ အသံပေါင်းစုံကြားမှာ သုံးယောက်သား ကြက်သေသေနေကြတာပေါ့။ နောက်ဖက်က ဒိုင်းဆိုတဲ့ အသံမြည်အပြီးမှာတော့ ရှေ့က ဖြူကကျတော့်လက်လာဆွဲတယ်။ ကျတော်တို့နှစ်ယောက် ကီးဘုတ် အံဆွဲကို ၀ုန်းဆိုတွန်းပြီး အပြင်ကိုဘယ်လိုရောက်လာမှန်းမသိတော့ဘူး။ ခနနေတော့ နောက်ဆုံးမမှာထိုင်နေတဲ့ ကျော် လွယ်အိတ်သုံးလုံးဆွဲ ထွက်လာပြီး ကျတော်တို့နှစ်ယောက်ကိုမေတ္တာပို့တော့တာပဲ။
အဲဒီမှာ အရှေ့က ဖြူဆွဲလို့တာ ပြေးလိုက်လာတဲ့ ကျတော် ဘာဖြစ်မှန်းမသိသေးဘူး။ အူကြောင်ကြောင်နဲ့ ဘာဖြစ်တာလဲ လို့ မေးတော့ ကျော်က လက်ထဲက လွယ်အိတ်တွေကို ဖြူ့ဆီပေး ပြီးကျတော့်ကိုသူလက်ထဲက စာရွက်တွေနဲ့ ရိုက်ပြီးပြောပါတော့တယ်။ ဒီလောက်အသံတွေ ဆူညံနေတာ နင်နားကန်းနေလို့ မကြားတာလားတဲ့ ။ ကျတော်ကလည်းကြားတယ်လေ ဘာဖြစ်လို့လဲဆိုတော့။ ပရင်တာမရှိတဲ့ အခန်းထဲမှာ ဘာလို့ ပရင့်ထုတ်တဲ့ အသံ ဂျစ်ဂျစ်နဲ့ မြည်နေတာလဲ။ စာရွက်တွေ တစ်ရွက်မှမရှိတဲ့ အခန်းထဲမှာ လေမတိုက်ပဲ စာရွက်လွင့်နေတဲ့ ရှလောရှလောဆိုတာ ဘယ်ကထွက်နေတာလဲ။ နောက်ဆုံး ပြတင်းတွေအကုန်ဖွင့်ထားပါရက် နောက်ဆုံးပြတင်းကပဲ လေမတိုက်ပဲ ကျွီကျွီ ၀ုန်းဒိုင်း ဘာလို့မြည်နေရတာလဲတဲ့။ ကျော်ပြောလိုက်မှပဲ ကျတော်ကြက်သီးတွေထလာပါတော့တယ်။ ဟုတ်သားပဲ ကျတော်တို့စက်ခန်းက နောက်ထဲမှာ ခုံတွေပဲရှိတာ ဘာမှမရှိဘူး။ နောက်အခန်းကလဲ ကျောင်းပိတ်ထားတယ်လေ အကုန်သော့ခတ်ထားတာ။ ဘယ်သူမှမရှိဘူး။ အရှင်းဆုံးပြောရရင် အဲဒီအချိန်ကျောင်းမှာ ပရင်တာမရှိသေးဘူး။ အဲဒီမှာကျော်က ကျတော့်ကို “သိပြီလား ဒေါ်နေ၀န်းရေ . . . ဘာမှန်းသာမသိတာ ပြေးလိုက်တာတော့တန်းနေတာပဲ။ လှစ်ကနဲ့ပဲမြန်လိုက်တာ၊ ငါ့မှာသာ အူကြောင်ကြောင် ကြောက်အားလန့်အားနဲ့ သူတို့လွယ်အိတ်တွေ ဘာလို့သွားယူနေမှန်း မသိဘူး” တဲ့။ ကျော်ပြောမှပဲကြည့်မိတော့တယ် ကျတော့်လက်ထဲမှာလဲ floppy ကိုပဲမြဲနေအောင်ဆုပ်လာခဲ့တာကိုး။ သုံးယောက်သား စက်တွေပြန်ပိတ်ဖို့ ဘယ်သူမှလဲ အခန်းထဲမ၀င်ရဲကြတော့ဘူး။ အပြင်မှာပဲရပ်နေတုန်း အပေါ်ဘက်ကနေ “ဟိုသုံးယောက်ဘာလုပ်နေတာလဲ လာတော့လေ။ နင်တို့အလှည့်ရောက်တော့မှာ” ဆိုတဲ့ ဆရာ့အသံကြားလိုက်တယ်။ ကျတော်တို့က စက်ခန်းထဲကို လက်ညှိုးထိုးပြတော့ “ခဏနေမှ ပိတ်လိုက်မယ်၊ သွားကြတော့တဲ့” ။ ကျတော်တို့သုံးယောက်အတွက်ကတော့ ဆရာ့အသံက ထီပေါက်သလိုပါပဲ။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရီလိုက်ကြပြီး အပေါ်ကိုတက်လာလိုက်ကြပါတော့တယ်။
အဲဒီအဖြစ်အပျက်လေးကတော့ ကျတော်တို့ ပထမဆုံးအကြိမ် Project အတွေ့အကြုံလေးပါ။ ပထမဆုံး သရဲခြောက်ခံရတယ်လို့ လည်းပြောလို့ရတာပေါ့။ ကျန်တဲ့ နှစ်ယောက်ကတော့ဘယ်လိုနေမယ်မှန်း မသိပေမယ့် ကျတော်ကတော့ Inkjet အသံကြားတိုင်း အဲဒီအဖြစ်အပျက်လေးကို သတိရနေမိတယ်။
ကွန်ပျူတာကောလိပ်အတူတက်ခဲ့သော သူငယ်ချင်းများသို့ အမှတ်တရ